ကမ္ဘောဒီးယား၏ကာစီနိူမြို့တော်နှင့်ပင်လယ်ကမ်းခြေအမှတ်တရများ
Sihanoukville သည်ကမ္ဘောဒီးယား၏အနောက်တောင်ဘက်ရှိ Kampong Son Bay တွင်တည်ရှိပြီး၎င်းသည်ကမ္ဘောဒီးယားရှိဆိပ်ကမ်းမြို့အဖြစ် ဒုတိယမြို့တော်အဖြစ်တည်ရှိသည်။ ထို့ပြင်လှပသောပင်လယ်ကမ်းခြေအပန်းဖြေစခန်းများကိုပိုင်ဆိုင်သောမြို့တော်လည်းဖြစ်သည်။အဆိုပါ Sihanoukville သည်ကြီးမားပြီးအငယ်စားဘားများ၊ စားသောက်ဆိုင်မြောက်မြားစွာနှင့်ဖြူဖွေးသော သဲသောင်ပြင် ပင်လယ်ကမ်းခြေများရှိသည့်လှပသောမြို့ဖြစ်သည်။မြို့ထဲတွင်လည်း ကာစီနိူ ရုံများနှင့်ပြည့်နေသည်။
လှပသော Cokcut သဲသောင်ပြင်ကမ်းခြေ ၊ Sokha သဲသောင်ပြင်ကမ်းခြေ နှင့် Independent Beach သဲသောင်ပြင် ကမ်းခြေတို့မှာထင်ရှားကျော်ကြားသည်။ ပင်လယ်၌ရေကူးခြင်း၊ သူငယ်ချင်းများနှင့်ကမ်းခြေတွင် ဘော်လီဘောကစားခြင်း၊ ရေကူးအပန်းဖြေအနားယူခြင်းတို့ကိုပြုလုပ်နိုင်သည်။ လေတိုက်လျှင်လူပ်ခတ်သော အုန်းပင် နှင့် ပင်လယ်ပေါ်ရှိလှပသောနေ ဝင်ချိန်နှင့်နေ ဝင်ဆည်းဆာများကိုကြည့်ခြင်းဖြင့်စိတ်ကိုသက်သာစေပြီးသွားလည်သင့်သောနေရာကောင်းတစ်ခုဖြစ်သည်။
စာရေးသူရောက်ရှိခဲ့သောနေရာမှာ ပင်လယ်ကမ်းခြေနှင့်နီးသောနေရာဖြစ်သည်။ တရုတ်လူမျိူးအလွန်များပြားသည်။ ပင်လယ်ကမ်းခြေနှင့်နီးသောကမ်းစပ်တစ်လျောက်လုံးတွင် တရုတ်လူမျိူးရင်းနီးမြုပ်နှံထားသော လှပသည့်အဆောက်အအုံများရှိပြီး၊ တရုတ်လူမျိူး၏ ကာစီနိူ လောင်းကစား ရုံများစွာကိုသူ့ထက်ငါအပြိုင်ဖွင့်ထားသည်ကိုလည်းတွေ့ရှိခဲ့သည်။ ကာစီနိူ betting ဟုဆိုလိုက်လျှင် အားလုံးရင်းနီးဖူးပြီးသားဖြစ်သော အာဆီယံရှမ်းကိုးမီး ကို အဓိကထားပြီးဖွင့်လျက်ရှိသည်။ တစ်ချိူ့သောနေရာဒေသတွင်မူ စလော့ဂိမ်း ခုံ ငါးပစ်ဂိမ်း ခုံ သစ်သီးဂိမ်း ဘားဂိမ်း ခုံ များနှင့် မြင်းခုံများလည်းရှိသည်။
The Best Myanmar Online Casino |
စာရေးသူအကြိုက်ဆုံး ရိုးရာအစားအစာမှာ ဝက်သားကင်ထမင်းဖြစ်ပြီး ပင်လယ်ထွက်အစားအစာမှာလည်းနာမည်ကြီးထင်ရှားသည်။ အဓိကငွေမှာ ကမ္ဘောဒီးယားငွေဖြစ်ပြီး၊ အမေရိကန်ဒေါ်လာကိုလည်းအကျယ်တပြန့်သုံးကြသည်ကိုတွေ့မြင်နိုင်သည်။ ငွေကြေးစက္ကူတန်ဖိုးအကြီးဆုံးမှာ ၂သောင်းတန်ဖြစ်သည်။တန်ဖိုးအားဖြင့် ၂သောင်းတန် ငွေစက္ကူသည် ကန်ဒေါ်လာ ၂.၅ဒေါ်လာနှင့်ညီမျှသည်။
ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သောကြောင့် စာရေးသူရောက်သောအချိန်သည် လမ်းတံတားများ တိုက်တာများတည်ဆောက်နေဆဲအချိန်ကာလဖြစ်သည်။ စာရေးသူ၏မိတ်ဆွေပြောကြားချက်အရ ယခုဆိုလျှင် လမ်းတံတားများကောင်းမွန်သွားပြီဖြစ်သည်။ စာရေးသူရောက်ခဲ့သည့်ကမ်းခြေမှာ Independent Beach ဖြစ်ပြီး၊ ကမ်းခြေ၏ပင်လယ်ရေသည်စိမ်းနုရောင်ဖြစ်သည်။
သဲသောင်ပြင်သည်ဖြူဖွေးပြီး ပင်လယ်အနီးတဝှိက်တွင်အုန်းပင်များနှင့်အခြားအမျိူးအမည်မသိအပင်များစိုက်ပျိူးထားသည် ကိုတွေ့ရပြီး ပင်လယ်ကမ်းခြေသည်နေ့ခင်းပိုင်းတွင်နေရောင်ကြောင့်ပင်လယ်ရေ၏အရောင်မှာ စိမ်းနုရောင်ထွက်နေပြီး သဲသောင်ပြင်ရှိသဲသည်အဖြူရောင်ဖြစ်သောကြောင့် ပင်လယ်ကမ်းခြေ၏ရူခင်းမှာလည်း ထိုးသဲသောင်ပြင်နှင့် ပင်လယ်ရှိစိမ်းနုရောင် ပင်လယ်ရေကြောင့်ပနံသင့်လှသည်။
အနားတဝှိက်တွင်စားသောက်ဆိုင်များရှိသည်။ ထိုင်းအစားအစာလည်းရနိုင်သည်။ Independent Beach တွင်အစားအသောက်များမှာမစားချင်ပါက အနီးတစ်ဝိုက်ရှိဆိုင်များတွင်လည်းစားသုံးနိုင်သည်။ စာရေးသူစားခဲ့သည့်ဆိုင်မှာ လမ်းတစ်ဖက်ရှိ ပလာဇာ ဘေးထောင့်အစွန်ဆုံးတွင် မြန်မာနိုင်ငံမှ လားရှိူးတရုတ်ဖွင့်လှစ်ထားသော စားသောက်ဆိုင်ဖြစ်သည်။
ရှမ်းခေါက်ဆွဲ၊ ရေစိမ်၊ ဆန်စီး၊ ထမင်းကြော် စသည်များကိုလည်း မူလအ၇သာမပျက် စားခဲ့ရသည်။ ကျားကြီးခြေရာကြီးဟုဆိုရိုးစကားရှိသောကြောင့် ခေါက်ဆွဲတစ်ပွဲကို ကန်ဒေါ်လာ 5ဒေါ်လာခန့်ပေးခဲ့ရသည်။ လားရှိူးတွင်မူ ခေါက်ဆွဲတစ်ပွဲလျှင် ကျပ်ငွေ၂၀၀၀ထက် မပိုပေ။ အချိူရည်တစ်ဗူးလျှင် ၁ဒေါ်လာခွဲမှ ၃ဒေါ်လာထိရှိသည်။ ကမ်းခြေနှင့်မနီးမဝေးတွင် မြန်မာပြည်နယ်ဖက်ကဲ့သို့ညဈေးရှိသည်။ ညဈေးသည်လွန်စွာစည်ကားပြီးလူများဖြင့်ပြည့်နေသည်။
တရုတ်လူမျိူးများကိုအများဆုံးတွေ့ရတတ်သည်။ စာရေးသူသတိထားမိသည်မှာ ကမ္ဘောဒီးယားရှိလူအများစုသည် ရွှေကိုဝတ်ဆင်ကြလေ့ရှိသည်။ ရွှေသည်အရောင်ဖျော့သောကြောင့် မြန်မာပြည်ထွက်ရွှေလောက်မဝါဝင်းပေ။ ညဈေးအပြန် ပင်လယ်ကမ်းခြေရှိဟိုတယ်သို့ပြန်ခဲ့ပါသည်။ တက္ကစီခသည်ဈေးတန်ပြီး အများအားဖြင့် မန်းလေးရှိ အိုးဝေကဲ့သို့သုံးဘီးဖြင့် ခရီးသည်များကို ပို့ဆောင်ကြသည်။တစ်နေရာနှင့်တစ်နေရာသွားလျှင်ဈေးချင်းမတူပါ။
အနည်းဆုံး ၂ဒေါ်လာခွဲရှိပြီးအများဆုံး သွားသည့်ခရီးပေါ်မူတည်၍ ၁၀ဒေါ်လာထိရှိသည်။ ဓလေ့ထုံးတမ်းအစဉ်အလာသည် ထိုင်း၏ယဉ်ကျေးမူနှင့်ခပ်ဆင်ဆင်ဖြစ်သည်။ အများအားဖြင့် ထိုင်းဘာသာစကားကို နားလည်တတ်ကျွမ်းကြပြီး English နှင့်တရုတ်ဘာသာစကားများကိုလည်းအနည်းအများပြောတတ်ကြသည်။ ကမ်းခြေ၏နေဝင်ဆည်းဆာအလှသည် တုနိုင်းစရာမရှိလောက်အောင် လှပပြီး စိတ်ကြည်နူးစရာကောင်းလှသည်။ ညနေခင်းပိုင်းရောက်လျှင်လည်းကမ်းခြေတွင်လမ်းလျောက်ပြီးအပန်းဖြေနိုင်ပြန်သည်။
ရေလိူင်းရိုက်ခတ်သံများနှင့်အတူ ပင်လယ်ရေမှတစ်ဆင့်ဖြတ်သန်းလာသောလေပြေလေညင်းများကိုလည်း ရူရှိူက်သွင်းရင်း ညဉ့်နက်သည်နှင့် ဟိုတယ်ပြန်အနားယူခဲ့လေသည်။သတိထားရမည့်အချက်မှာ မိမိ ပိုက်ဆံအိတ်နှင့်အခြားအဖိုးတန်လက်ဝတ်ရတနာများကိုသေချာစွာဂရုတစိုက်ထိန်းသိမ်းစေလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ခါးပိုက်နိူက်ဆိုတာထက် ဆိုင်ကယ်စီး၍လုယက်မူများရှိနေတတ်သောကြောင့်ဖြစ်သည်။နောင်များတွင်လည်းနေရာစုံသွားလည်ခဲ့သည်များကိုပြန်လည်မျှဝေပေးမည်ဖြစ်သဖြင့် ဤစာပိုက်ကို ကူပြီး share ပေးကြပါရန်မေတ္တာရပ်ခံရင်းနိဂုံးချူပ်လိုက်ပါတယ်ရှင်။
Download Links: https://bit.ly/3vFyDOO
Comments
Post a Comment